Pages

Pages

KIA ဖမ်းထားသည့် လီဆူအမျိုးသမီးများကို ပြန်လွှတ်ပေးရန် ဒူးလေးပါတီ တောင်းဆို



MNP ၊ ဖေဖော်ဝါရီ ၂

KIA ဖမ်းဆီးထားသည့် လီဆူလူမျိုးများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန် တောင်းဆိုထားကြောင်း သိရသည်။


KIA မှ ဖမ်းဆီးသွားသည်မှာ ၄ ဦးဖြစ်ပြီး ကလေး ၂ ယောက်မိခင်ကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသေးသည့် ၃ ဦးကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းက CNI သတင်းဌာနသို့ ပြောကြားထားသည်။


ဦးရွှေမင်းက “သူတို့က ကျနော့်ကို သတင်းပို့တာ ၄ ဦးခင်ဗျ၊ အကူအညီ‌ တောင်းလာတာ သူတို့ရဲ့ မိသားစုတွေ ငိုယိုပြီးတော့ အကူအညီ‌ တောင်းလာကြပါတယ်။ တစ်ဦးကတော့ ကလေးမိခင်၊ ကလေးနှစ်ယောက်ရဲ့ အ‌မေပေါ့ဗျာ၊ သူ့ယောကျာ်းသားလည်း ရှိတယ်၊ ကလေးမိခင်ကို ဖမ်းပြီး သူ့ယောကျာ်းသားနဲ့ အလဲအလှယ်လုပ်ဖို့ ပြန်ပေးဆွဲတဲ့ သဘောလုပ်ပါတယ်။ သူနဲ့ အတူ အဲဒီမှာ အမျိုးသမီးတစ်ဦး ပါတယ်။  အဲဒီ ၂ ယောက်ကို ခေါ်ပြီးတော့ တပ်ရင်းတစ်ခုဆီကို ပို့လိုက်တယ်၊ နေရာတစ်ခုဆီ ကို ပို့လိုက်တယ်လို့ ကြားတယ်၊ နောက်ပြီး အဲဒီအမျိုးသား  (၂) ဦးကို ဖမ်းသွားတဲ့အခါ ကျနော်တို့က နည်းမျိုးစုံ ကြိုးစားတယ်၊ ကြိုးစားတဲ့အခါကြတော့ အဲဒီကလေးအမေကိုတော့ ပြန်လွှတ်ပေးတယ်။  သူနဲ့ အတူပါသွားတဲ့ အမျိုးသမီးကိုတော့ ပြန်မလွှတ် ပေးဘူး။ ခါတိုင်း သူတို့လုပ်တာကတော့ ဆွဲတယ်၊ ပြီးရင် ငွေ ၅ သိန်းကနေ သိန်း ၂၀၀ အထိကို တောင်းခဲ့တာ ရှိခဲ့တယ်၊ အဲတော့ ကျနော်တို့က သဘောထားတွေ နည်းမျိုးစုံထုတ်ပြီးတော့ တောင်းဆိုတယ်”ဟု ပြောသည်။


KIA အနေဖြင့် ယခင်ကတည်းက တပ်သားသစ် စုဆောင်းမှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လီဆူလူမျိုးများ အနေဖြင့်လည်း ဆန္ဒထုတ်ဖော်မှုကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း၊ တော်လှန်ရေး အဖွဲ့အစည်း တစ်ခုအနေဖြင့် အဓမ္မ လူသစ်စုဆောင်းခြင်းများ၊ မျိုးနွယ်စုငယ်များကို ဝါးမျိုရန် ကြိုးစားမှုများ မလုပ်ဆောင်သင့်ကြောင်း ဦးရွှေမင်းက ပြောကြားထားသည်။


“တော်လှန်ရေးလုပ်တယ်ဆိုတာက တော်လှန်ရေးနဲ့ တူအောင်လုပ်ရပါမယ်၊ ပြည်သူလူထုကို စည်းရုံးတာတို့၊ သိမ်းသွင်း တာတို့ လုပ်ပြီး‌တော့ သူ့ရဲ့ စိတ်ပါဝင်စားတဲ့ သူ့ရဲ့ ဆန္ဒသဘောထားအလျောက် ဝင်ရောက်လာတဲ့လူတွေ ဖြစ်သင့်တယ်၊ အခု က အဲလို မဟုတ်ဘဲနဲ့ အတင်းအဓမ္မ အကြမ်းဖက်ပြီးတော့ လုပ်ဆောင်တာတွေ ကျ‌နော်တို့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ ရှိနေ တာပေါ့ဗျာ။ အဲ‌တော့ အတင်းအဓမ္မ လူသစ်စုဆောင်းတာတို့ ငွေညစ်တာတို့ ဒါတွေ မလုပ်ဖို့နဲ့ ရှေ့ဆက်မှာလည်း ဖမ်းထားတဲ့ လူတွေ ကို ပြန်လည်လွတ်ပေးဖို့ အထူးသဖြင့်တော့ အဖွဲ့အစည်း တစ်ခုထူထောင်ရာမှာ လူမျိုးရေးကို ဦးတည်ပြီးတော့ မတိုက်ခိုက်ဖို့နဲ့ မိမိကိုယ်ကို မိမိ လူမျိုးကြီးဝါဒကို ခံယူပြီးတော့ လူမျိုးငယ်တွေကို မျိုးနွယ်စုငယ်တွေကို တိုက်ရိုက်သဘောရော၊ အင်တာရိုက် သဘောရော တိုက်ခိုက်တာတွေ နိုပ်ကွပ်တာတွေ အဲလူမျိုးငယ်လေးကို ဝါးမျိုဖို့ ကြိုးစားတာတွေ ဒါတွေ မလုပ်သင့်ပါဘူး။ အခု ကျနော်တို့ဆီမှာ ဖြစ်နေတာက အဲတာပါ။ အာဏာရှင်ကို တိုက်ထုတ်တယ်ဆိုတာ ဘာအာဏာရှင်ကို တိုက်ထုတ်မှန်းမသိ မိမိကိုယ်တိုင်က အာဏာရှင်ကြီး ဖြစ်နေတာကိုတော့ သတိမှုသင့်တယ်လို့ ကျနော် ဒီလိုလေး အကြံပြု တင်ပြချင်ပါတယ်” ဟု ပြောသည်။ 


လတ်တလောကာလတွင် KIA အဖွဲ့သည် NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများကို အကြမ်းဖက်သင်တန်းပေးနေရုံမျှမက စစ်ကိုင်းတိုင်းဒေသကြီးတွင် PDF အကြမ်းဖက်သမားများနှင့်အတူ KIA တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများအပြင် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များကို အလစ်အငိုက် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment