Pages

Pages

ငပလီမြို့တွင် Mobile စနစ်ဖြင့် စာအုပ်စာပေများကို အခမဲ့ငှါးရမ်းပေးလျက်ရှိ






MNP ၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ် ၊ ငပလီမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ စာပေအသိပညာဗဟုသုတ ရရှိစေရေးအတွက် Mobile စနစ်ဖြင့်စာအုပ်ငှါးရမ်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ငပလီမြို့ ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ငပလီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ စာအုပ်စာစောင်များငှါးရမ်းပေးလျက်ရှိကြောင်းသိရသည်။


ရုံးစာကြည့်တိုက်သို့ လာရောက်မငှါးရမ်းနိုင်သည့် စာဖတ်ပရိတ်သတ်များ အဆင်ပြေစေရေးအတွက် အသိပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ဗဟုသုတရရှိမည့် စာကောင်းပေကောင်းများကို တစ်ပတ် လျင် (၂) ကြိမ်နှုန်းဖြင့် စာဖတ်သူလက်ဝယ် အရောက်စနစ်ဖြင့် အခမဲ့ငှါးရမ်းပေးလျက်ရှိကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment