Pages

Pages

ယင်းမာပင်မြို့နယ် မီးသတ်ရုံးအား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီး







MNP ၊ ဖေဖော်ဝါရီ ၁၇

ယမန်နေ့က ယင်းမာပင်မြို့နယ်၊ မိးသတ်ရုံးအား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးသွားကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တန့်ဆည်မြို့နယ်၊ ပုလဲမြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ယင်းမာပင်မြို့နယ်များတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက အစိုးရဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည့်အပြင် အပြစ်မဲ့ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလည်း လုပ်ဆောင်ခဲ့ကြသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့သော မြို့နယ်များတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက် ရန်ပြုစော်ကားမှုဒဏ်ကို ခံခဲ့ရသည့် ပြည်သူများက ပြည်သူ့စစ်တပ်ဖွဲ့တွင် ပါဝင်၍ မိမိတို့၏ ရပ်ရွာဒေသများကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ အန္တရာယ်မှ ကာကွယ်နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment