Pages

Pages

ခင်ဦးမြို့နယ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်ခေါင်းဆောင် မိုးဝင်းအပါ ၅ လောင်းနှင့် လက်နက်နှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ









MNP ၊ ဖေဖော်ဝါရီလ ၂၀

ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာနှင့် ပေကုန်းကျေးရွာအကြား လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ NLD အစွန်းရောက်PDF အကြမ်းဖက်အဖွဲ့နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သားများ ထိခိုက်ကျဆုံးမရှိဘဲ PDF အကြမ်းဖက်ခေါင်းဆောင် မိုးဝင်း အပါအဝင် အကြမ်းဖက်သမား ၅ဦး သေဆုံးသွားကြောင်း သိရသည်။


အဆိုပါ အကြမ်းဖက်သမားများထံမှ အမ်-၁၆ ၁ လက်(ကျည်အိမ် ၁ ခု/ကျည် ၈ တောင့်)၊လက်လုပ်သေနတ် ၅ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်စိန်ပြောင်းပြုလုပ်ဆဲ ၇ လက်၊ လက်လုပ် ကျည်ဆံ ၆ လုံး၊ လက်လုပ်စိန်ပြောင်းကျည် ၆၈ လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းမျိုးစုံ ၁၉ မျိုးအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ သံဃာတော်များ၊ ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းနှင့် အခြားဝန်ထမ်းများ၊ ပြည်သူများအပေါ် လူမဆန်စွာ ရက်စက်ယုတ်မာမှုများစွာ ကျူးလွန်ခဲ့ကြခြင်းကြောင့် တည်ငြိမ်အေးချမ်းရေးလိုလားသော ပြည်သူများက တပ်မတော်အနေဖြင့် အကြမ်းဖက်သမားများကို အမြန်ဆုံး နှိမ်နင်းပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment