MNP ၊ ဖေဖော်ဝါရီ ၃
ယမန်နေ့က မင်းကင်းမြို့နယ်အတွင်း NLD အစွန်းရောက်များ ဖွဲ့စည်းထားသော PDF အကြမ်းဖက်သမား ၃၀၀ ကျော် ခိုအောင်းနေသည့် စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းဖျက်ဆီးလိုက်ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါ စခန်းမှ PDF ၃၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ခုခံပစ်ခတ်သူ ၃ဦးကို အသေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာများသည် ပြည်ပေး နိုင်ငံရေးလုပ်စားသူများ၏ လှုံ့ဆော်မှု၊ ထောက်ပံ့ပေးမှုဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၁၈၀၀ ကျော်အထိ လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီး တပ်မတော်အာဏာထိမ်းသိန်းထားသည့်ကာလ ၁နှစ်ပြည့်တွင် NLD အစွန်းရောက်များ၏ အကြမ်းဖက်လှုပ်ရှားမှုများကို တိုးမြှင့် နှိမ်နင်းလာသည့်အပြင် နိုင်ငံရေးလုပ်စားသူ ပြည်ပြေးများ၏ လှုံ့ဆော်မှုများကို ထပ်ဆင့်ဖြန့်ဝေ လှုံ့ဆော်မှုများသူများကိုလည်း ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment