Pages

Pages

ဆူပူအကြမ်းဖက်လှုံ့ဆော်သူ လှိုင်မြို့နယ်မှ NLD ပါတီဝင်တစ်ဦး၏ နေအိမ်ကို ချိတ်ပိတ်



MNP ၊ ဖောဖော်ဝါရီ ၂၂

ယနေ့ နှစ်ခြောက်လုံးသပိတ်ပြုလုပ်ရန် ပြည်သူများအား သွေးထိုးလှုဆော်နေသော အမှတ်(၈၇)၊ အခန်း(A-1)၊ သီရိ(၅)လမ်း၊ အမှတ်(၂) ရပ်ကွက်၊လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးက NLD ပါတီဝင် PDF အကြမ်းဖက်သမား ဝင်းအောင်သန်း၏ နေအိမ်အား တာဝန်ရှိသူများက ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဝင်အောင်သန်းသည် NLD လွှတ်တော်အမတ်ဟောင်း နေဘုန်းလတ် ရေးသားလှုံ့ဆော်ထားသော ပြန်လည်စုရုံးနှစ်ခြောက်လုံး လှုံ့ဆော်မှုကို ထပ်ဆင့်လှုံ့ဆော်ထားသည်ကို တွေ့ရသည်။

ဘလော့ဂါ နေဘုန်းလတ်မှာ ထောင်မှလွတ်ပြီး NLD လွှတ်တော်အမတ်ဖြစ်ခဲ့ဖူးသည်။ ယခုအခါ NUG အဖွဲ့နှင့် ချိတ်ဆက်လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိပြီး ၎င်းကျူးလွန်ထားသည့် အကြမ်းဖက်လှုံ့ဆော်မှုများနှင့် ပတ်သက်၍ အမှုဖွင့်တရားစွဲဆိုထားသည်ဖြစ်ရာ ဥပဒေက ပေးအပ်သည့် ပြစ်ဒဏ် ခံရမည်ကို ကြောက်ရွံ့စိုးထိတ်ပြီး ထွက်ပြေးတိမ်ရှောင်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment