Pages

Pages

NLD ပါတီကို မစစ်ဆေးရသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


MNP၊ ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုရေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏ ပါတီဝင်အား၊ ငွေေကြေးရရှိသုံးစွဲမှု စာရင်းများ စစ်ဆေးလျှက်ရှိရာ NLD ပါတီအား စစ်ဆေးတွေ့ရှိချက်၊ NLD ပါတီက စစ်ဆေးခံခြင်း ရှိ/ မရှိ မြန်မာနေရှင်နယ်ပို့စ်က ဆက်သွယ်မေးမြန်းရာ ပြန်ကြားရေးဒုဝန်ကြီးက NLD ပါတီကို မစစ်ဆေးရသေးကြောင်း ပြောသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်းက "နိုင်ငံရေးပါတီ ရှိရင်း ၉၂ပါတီ၊ စစ်ဆေးပြီး ၇၅ပါတီနှင့် NLD ပါတီ မပါသေး" ကြောင်း ပြောသည်။


NLD ပါတီ ဦးဆောင်သူများသည် မဲလိမ်မဲခိုးမှုများကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၁၇)(၄၁၈) အရ အာဏာလွှဲပြောင်း ရယူပြီး နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၀၇) ကို ချိုးဖောက်၍လည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ချိုးဖောက်၍လည်းကောင်း နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် CRPH, NUG, PDF အပါအဝင် အကြမ်းဖက်အဖွဲ့မျိုးစုံကို ဖွဲ့စည်း၍ ဆူပူအကြမ်းဖက် ဖောက်ခွဲဖျက်ဆီး၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသော်လည်း တစ်နှစ်ကျော်လာသည့်တိုင်အောင် NLD ပါတီအား ဖျက်သိမ်းခြင်း မရှိသေးပေ။


https://t.me/MyanmarNationalPost

No comments:

Post a Comment