ပြည်မြို့နယ် ကြခတ်အုပ်စု ဓာတ်အားလိုင်းအား သာသနာဖျက် ပြည်ဖျက်မိစ္ဆာ NLD,PDF အစွန်းရောက် အကြမ်းဖက်သမားများမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့နယ် ကြခတ်အုပ်စု ဓာတ်အားလိုင်းအား သာသနာဖျက် ပြည်ဖျက်မိစ္ဆာ NLD,PDF အစွန်းရောက် အကြမ်းဖက်သမားများမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး






MNP - ဖေဖော်ဝါရီ    ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ယမန်နေ့နေ့လယ် (၁၂:၄၅) အချိန်က ကြခတ်အုပ်စု၊ တဲစုရွာ အနောက်ဘက်၊ ပြည်-ပုဂံ ရထားလမ်းဘေးရှိ  မတ်ပဲကွင်းအတွင်း အမှတ်(၁၉) ကာကွယ်ရေး ပစ္စည်းစက်ရုံ (ပေါက်ခေါင်း)သို့ သွယ်တန်းထားသော 500 KV ဓာတ်အားလိုင်းအား သာသနာဖျက် ပြည်ဖျက်မိစ္ဆာ NLD,PDF အစွန်းရောက် အကြမ်းဖက်သမားများမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ ကွန်ကရစ်ဓာတ်တိုင်(၄)တိုင်တွဲမှ တိုင်(၂)လုံး အောက်ခြေတွင် (၂)ပေခန့် ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြည်မြို့၊ အမှတ်(၃)နယ်မြေရဲစခန်းမှ လျှပ်စစ်ဓာတ်တိုင်ဖောက်ခွဲဖျက်ဆီးသူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)