MNP ၊ ဖေဖော်ဝါရီ ၃
PDF အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့သည့် ပရဟိတယာဉ်မောင်း ဦးဆန်းနိုင်အတွက် မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က သဝဏ်လွှာထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၁ရက် နံနက် ၅နာရီခန့်တွင် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှ ဧရာဝတီဂရုဏာ လူမှုကူညီရေးအသင်း ယာဉ်မောင်း တစ်ဦးဖြစ်သည့် ကိုဆန်းနိုင် (၂၉)နှစ်သည် အကူယာဉ်မောင်း ကိုအောင်ဖြိုးဦး (၂၃)နှစ်နှင့်အတူ မြစ်ကြီးနားမှ မန္တလေးသို့လူနာပို့ဆောင်စဉ် ထီးချိင့်မြို့နယ်၊ ဇီးဖြူကျင်းကျေးရွာနှင့် ဘိုတဲကုန်းကျေးရွာအကြားအရောက်၌ PDF အကြမ်းဖက်အဖွဲ့၏ပစ်ခတ်မှုကြောင့် နဖူးနှင့် ဝဲလက်ဖျံတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
အကူယာဉ်မောင်း ကိုအောင်ဖြိုးဦးတွင်လည်း ကျောကုန်း ဝဲဘက် ကျည်ထိဒဏ်ရာတစ်ချက်နှင့် ဝဲပါးကျည်ရှပ်ထိဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး လူနာတင်ယာဉ်အား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပရဟိတယာဉ်မောင်း တစ်ဦး ကြွေလွင့်ခဲ့ရသည်ကို ကြားသိရ၍ မိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းရကြောင်း၊ ပရဟိတကုသိုလ်နှင့်အတူ ကောင်းရာဘုံဘဝရရှိပါစေဟု ဆုတောင်း ပေးလိုက်ကြောင်း အလုပ်အမှုဆောင်အဖွဲ့ ၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment