Pages

Pages

သထုံမြို့နယ်အတွင်း PDF အကြမ်းဖက်နှင့် ပတ်သက်သူများ၏ နေအိမ်များအား ချိတ်ပိတ်သိမ်းဆည်း





MNP ၊ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်၊ PDF အကြမ်းဖက်များနှင့် ပတ်သက်သူများ၏ နေအိမ်များအား ဖေဖော်ဝါရီ ၁၂ရက်တွင် ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။


အကြမ်းဖက်အမှုများမှ ထွက်ပြေး တိမ်းရှောင်နေသည့် အောင်ကျော်ထွေး(၃၈)နှစ်၊ (ဘ)ဦးဝင်းကြည်၊ လေသာပိုင်း၊ သိမ်ဆိပ်ရပ်ကွက်၊ သုဝဏ္ဏဝတီ မြို့သစ်၊ သထုံမြို့နယ်နေသူ ပိုင်ဆိုင်သော ခြံ၊နေအိမ်နှင့်

ထွက်ပြေး တိမ်းရှောင်နေသည့်တရားခံ ဇော်မင်းထွန်း(ခ)ဖိုးဇော်(၄၅)နှစ်၊ (ဘ)ဦးကံထွန်း၊ မင်းလမ်း၊ ကျိုက္ကော်ရပ်ကွက်၊ သုဝဏ္ဏဝတီမြို့၊ သထုံမြို့နယ်နေသူ ပိုင်ဆိုင်သော ခြံ၊ နေအိမ်နှင့် စားသောက်ဆိုင်အား ဖေဖော်ဝါရီ ၁၂ရက်တွင် ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။


အလားတူပင် အကြမ်းဖက်အမှုမှ တရားခံပြေး စောကျော်မိုး(၄၆)နှစ်(ဘ)ဦးစောဇော်ဝင်း ပိုင်ဆိုင်သည့် Second Cafes Garden ၊ ဆိုင်အမှတ်(၂)၊ လေယာဉ်ကွင်းဟောင်းလမ်းဘေး၊ လိပ်အင်း ရပ်ကွက်၊ ဆိုင်/ခြံဝန်းအား ပိုင်ဆိုင်မှုချိတ်ပိတ်သိမ်းခဲ့ကြောင်းသိရသည်။


စောကျော်မိုးသည် NUGအကြမ်းဖက်အဖွဲ့ ၏ အဖျက်မှောက်လုပ်ငန်းများဆောင်ရွက်မှုများအား သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


သတင်း - သီဟ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment