Pages

Pages

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိ PDF အကြမ်းဖက်စခန်းများကို ရှင်းလင်းပေးရန် ဒေသခံများ ဆက်သွယ်ပြောဆို


 

MNP ၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း PDF အကြမ်းဖက်စခန်းများ တည်ရှိနေသည့် နေရာများကို ဒေသခံတစ်ဦးက ဆက်သွယ်ပြောဆိုပြီး အမြန်ဆုံး နှိမ်နင်းဖယ်ရှားပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တောင်းဆိုလိုကြောင်း ပြောသည်။

ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ခင်သာကျေးရွာ၊ မယင်းရွာ၊ ကျော်တောရွာ၊ ဝက်ကျရွာ များ၏ အနောက်ဘက် တောများအတွင်း PDF အကြမ်းဖက်စခန်းများ ရှိနေကြောင်း၊ အင်အား ထောင်ဂဏန်းနီးပါးအထိ ရှိနေသည်ဟု ခန့်မှန်းရကြောင်း၊ PDF အကြမ်းဖက်သမားများသည် ရိတ်ခါပြတ်လျှင် ကျေးရွာများအတွင်း ဝင်ရောက်လာပြီး ၎င်းတို့အား မထောက်ခံသူများကို ပြဿနာကာ လူကို သတ်ဖြတ်ခြင်း၊ ပစ္စည်းများ ရယူသွားခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များကို ဆက်သွယ်၍ သတင်းပေးပို့ခဲ့ပြီး ဖြစ်သော်လည်း PDF အကြမ်းဖက်စခန်းများကို နှိမ်နင်းဖယ်ရှား ရှင်းလင်းခြင်းမရှိသေးကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment