Pages

Pages

ရေးမြို့နယ်တွင် ကျေးရွာလမ်းဖွင့်ပွဲမှပြန်လာသည့် မော်တော်ယာဉ်အား PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်သတ်ဖြတ်


MNP ၊ ဖေဖော်ဝါရီ ၄

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ရက်က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အစင်စံပြကျေးရွာလမ်းဖွင့်ပွဲမှ ပြန်လာသည့် မော်တော်ယာဉ်တစ်စီးအား PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားလေးဦးအနက် နှစ်ဦးသေဆုံး၍ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း အစောပိုင်းသတင်းများအရ သိရသည်။

သေဆုံးသူများမှာ ကျေးရွာဥက္ကဌ ကိုမောင်မြင့်နှင့် ကျေးရွာသား ကိုနေလှတို့ဖြစ်ပြီး အခင်းဖြစ်နေရာ၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းကလည်း ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၌ နေထိုင်သည့် ဦးကိုကို (၄၉)နှစ်အား PDF အကြမ်းဖက်သောင်းကျန်းသူများက ရွာလမ်းမ၌ ဓားဖြင့်ထိုး၍ သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment