Pages

Pages

မုံရွာမြို့တွင် PDF အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့သူ အမျိုးသမီးတစ်ဦးအား ဖမ်းမိ



MNP ၊ ဖေဖော်ဝါရီ ၂၁

ဖေဖော်ဝါရီ ၂၀ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ PDF အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့သူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် က စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာမြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် သတင်းအရ မွန်းလွဲ ၂နာရီခန့်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ကန်သာယာအနီးရှိ “ပြင်ဦးလွင်”စားသောက်ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်ကာ ငွေကြေး ထောက်ပံ့ပေးနေသည့် ‌နေဇာလမ်း၊ ချမ်းမြဝတီရပ်ကွက်၊ မုံရွာမြို့နေ ထိုက်ထိုက်လင်း အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်ကလည်း ခင်ဦးမြို့အတွင်းနယ်မြေလုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ PDF အကြမ်းဖက်အဖွဲ့အား သတင်းပေး၊ ငွေကြေးထောက်ပံသူ ခင်ဦးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဈေးအနောက်လမ်းနေ အေးအေးမိုး၏ နေအိမ်သို့ မွန်းတည့် ၁၂ နာရီခန့်က သွားရောက်စစ်ဆေးခဲ့ရာ တရားခံအား နေအိမ်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

အလားတူပင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း PDF အကြမ်းဖက်အဖွဲဝင်များအား ငွေကြေးထောက်ပံ့နေသည့် ခင်ဦးမြို၊ မြနန္ဒာရပ်ကွက်နေ မိုးသူဇာခိုင်အား နေအိမ်တွင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းပိုင်ဆိုင်သည့်နေအိမ်အားလည်း PDF အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment