Pages

Pages

ဂွမြို့နယ်တွင် Phase-6နှင့် Phase-5များအတွက် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီး


MNP - ဖေဖော်ဝါရီ    ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်  ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို Phase-6နှင့် Phase-5 များအတွက် ဒုတိယအကြိမ်အဖြစ် Covishield၊ Sinopharmနှင့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် စုရပ်(၃)ခု၌ ထိုးနှံပြီးစီးခဲ့ ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဖေဖော်ဝါရီလ (၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့များ၌ Sinovac ကာကွယ်ဆေးကို ပြည်သူ (၁၂၉)ဦးမှလည်းကောင်း၊ Covishield ကာကွယ်ဆေးကို ပြည်သူ (၁၀၅၆)ဦး မှလည်းကောင်း၊ Sinopharm ကာကွယ်ဆေးကို ပြည်သူ(၁၀၅)ဦးမှ လည်းကောင်း လာရောက် ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင်  ဆေးထိုးရန်ကျန်ရှိသူများ မရှိစေရေးအတွက် သတ်မှတ်ဦးတည်အုပ်စုများတွင် ပါဝင်သူများအား ထိုးနှံပေး မည့်  သတ်မှတ်စုရပ်နေရာများနှင့်  ထိုးနှံရမည့်  နေ့ရက်များအား  မြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး  ကော်မတီက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကာကွယ်ဆေးထိုးမည့် ပြည်သူများ  သိရှိနိုင်စေရေး  ဆောင်ရွက်ပေးခြင်းနှင့်  ဆေးထိုးမည့် အစီအစဉ်များအား လှည့်လည်ဆော်သြပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ရွှေရည်ဝင်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment