Pages

Pages

Positive Treatment Centre ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်

 


MNP - ဖေဖော်ဝါရီ     ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် ယမန်နေ့က မွှန်းညောင်ပင်သာကျေးရွာအုပ်စု၊ မွှန်းညောင်ပင်သာတိုက်နယ် ဆေးရုံတွင် Positive Treatment Centre (Quarantine Centre) ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ယာယီကုသဆောင် ဆောင်ရွက်မည့်နေရာ၊ Positive လူနာများထားရှိမည့် အဆောင်များ၊ သန့်စင်ခန်းများအား သန့်ရှင်းရေး ဆောင်ရွက်ထားရှိရန်၊ ကုတင်များအဆင်သင့် ထားရှိရန်၊ သောက်သုံးရေ ရရှိရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ Volunteer များ ကြိုတင်ရှာဖွေထားရှိရန်တို့အား မှာကြားခဲ့သည်။

ထို့နောက် Positive Treatment Centre (Quarantine Centre) ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း လိုအပ်ချက်များအား တာဝန်ရှိသူများမှတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ခဲ့ကြောင်း သိရသည်။

သတင်း - နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment