Pages

Pages

ကာမိုင်းမြို့ ဧရိယာအတွင်းရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Sinovac Phase-6 ဒုတိယအသုတ် ထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၁၇

 ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovacကို ဒုတိယအကြိမ်အဖြစ် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Phase-6 ဒုတိယအသုတ်ကို ကာမိုင်းမြို့ တိုက်နယ်ဆေးရုံ၌ ယနေ့နံနက်(၉)နာရီမှ မွန်းလွဲ(၂) နာရီအထိ ထိုးနှံပေးကြောင်းသိရသည်။

အဆိုပါဆေးမထိုးနှံမီ မှတ်တမ်းရေးသွင်းခြင်း၊ အမည်စာရင်းခေါ်ပေးခြင်း၊ နေရာချ ထားပေးခြင်းတို့ကို သုဂတိမဂ္ဂလူမှုကူညီရေး အသင်းအဖွဲ့ဝင်များက ဆောင်ရွက်ကြ၍ ကာကွယ်ဆေးကို ကာမိုင်းနည်းဗျုဟာ စစ်ဆေးရေးကွပ်ကဲမှုအဖွဲ့နှင့် ကာမိုင်းတိုက်နယ် ဆေးရုံဝန်ထမ်းများက ကာကွယ်‌ဆေးကို စနစ်တကျ ထိုးနှံပေးပြီး အချိန်သတ်မှတ်ပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ကြ၍ နာရီဝက်စောင့်ကြည်ပြီးမှသာ ပြည်သူ များကို ပြန်လည်စေလွှတ်ပေးလျက်ရှိပြီး မြို့အုပ်ရေးမှူးဦးသန်းထိုက်က လှည့်လည်ကြည်ရှုကာ အားပေး ခဲ့သည်။

ကာကွယ်ဆေးSinovacကိုPhase-6 Second Dose လုပ်ငန်း (ဒုတိယ)အဖြစ် ထိုးနှံပေးခဲ့ရာ ဆေးအလုံးရေ (၂၀၀)လုံးကို ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းအဖြင့် စုစုပေါင်းလူဦးရေ (၄၀၀)ဦးကို ထိုးနှံပေးခဲ့ပြီး ယနေ့တွင် လည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - လဆိုင်း

မြန်မာနေရှယ်ပို့စ်

No comments:

Post a Comment