Pages

Pages

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး South Asia Future Investment Group Pte.Ltd မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တွေ့ဆုံ


MNP ၊ ဖေဖော်ဝါရီ ၁၇

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့က တရုတ်နိုင်ငံ၊ ချုံချင့်မြို့အခြေစိုက် South Asia Future Investment Group Pte. Ltd မှ ဥက္ကဋ္ဌဖြစ်သူ Mr. Zhang Jun နှင့်အဖွဲ့အား နေပြည်တော်ရှိ  အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် South Asia Future Investment Group Pte. Ltd မှ မြန်မာနိုင်ငံ၌ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်တင်ပို့မှု၊ အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှု၊ မြို့ပြအခြေခံ အဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ အွန်လိုင်းမှတစ်ဆင့် မြန်မာ့ထွက်ကုန်များရောင်းချရေးနှင့် ကျောက်မျက်ရတနာလုပ်ငန်းကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

ထို့အပြင် နိုင်ငံတကာမှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံ၊ ရန်ကုန်ဆိပ်ကမ်း မှတစ်ဆင့် နယ်စပ်ကိုဖြတ်သန်းကာ တရုတ်နိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းရှိ ပြည်နယ်များသို့ ဆက်လက် ဖြန့်ဖြူးနိုင်ရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို စတင်အကောင်အထည် ဖော်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment