သဲကုန်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား Sputnik Light Vaccine (Booster Dose) အပိုဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား Sputnik Light Vaccine (Booster Dose) အပိုဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

 

MNP - ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလျော့နည်းပပျောက်ရေးနှင့် အိုမီခရွန် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် နိုင်ငံဝန်ထမ်းများကို Suptnlk Light Vaccine ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေး လျက်ရှိပါသည်။

ထိုသို့ ထိုးနှံပေးရာ၌ ယနေ့နံနက် (၀၉း၀၀)နာရီအချိန်မှ စတင်၍ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး (၆)လ ပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Doseကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးထိုးရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ တစ်ဌာနချင်းအလိုက် တစ်ဦးနှင့် တစ်ဦး ၃ပေအကွာမှနေ၍ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိသူများအား ဆေးထိုးနှံပြီး မိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာ ခွင့်ပြုကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Doseကို နိုင်ငံဝန်ထမ်းများကို ထိုးနှံပေးပြီး ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများကိုလည်း ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်သူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း - ချစ်နှင်းသုန် 

ြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)