Pages

Pages

ကမာရွတ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူမျာအား Sputnik Light Vaccine (Booster Dose) အပိုဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ


MNP - ဖေဖော်ဝါရီ    ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်းပပျောက်ရေးနှင့် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှစတင်၍ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများအား Suptnlk Light Vaccine ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား အမှတ်(၉)ရပ်ကွက် တက္ကသိုလ်များ ဆေးရုံ၊ အရေးပေါ်ဌာနတွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာ၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လ ပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Doseကို တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးထိုးရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ တစ်ဌာနချင်း အလိုက်တစ်ဦးနှင့်တစ်ဦး ၃ပေအကွာမှ နေ၍ ကျန်းမာရေး ဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိသူများအား ဆေးထိုးနှံပြီး မိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည် ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင် ကာကွယ်ဆေး Booster Dose ကို နိုင်ငံဝန်ထမ်းများကို ထိုးနှံပေးပြီးဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများကိုလည်း ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီး(၆)လပြည့်သူများကို လည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စိမ်းလဲ့

မြန်မာနေရျင်နယ်ပို့စ်

No comments:

Post a Comment