Pages

Pages

မောင်တောမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sputnik V ဆက်လက်ထိုးနှံပေး


    

MNP ၊ ဖေဖော်ဝါရီ  ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး  Sputnik V ထိုးနှံပေးခြင်းကို ယမန်နေ့  နံနက် ၉ နာရီ အချိန် သတ်မှတ်စုရပ် နေရာများ တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်  မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေး ဝန်ထမ်း များက ကာ ကွယ် ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများ အား ကိုယ် အပူ ချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးတွင်း အောက်စီဂျင် ပမာဏ တိုင်းတာခြင်း ၊ကျန်းမာ ရေး စစ် ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေ အနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  နိုင်ငံဝန်ထမ်း ၁၀ ဦး ၊  အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၃၆၃ ဦး ၊ မှီခိုသူ ၃၄၃ ဦး ၊ NGO ၂ ဦး စုစုပေါင်း ၇၁၈ ဦးအား ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက် များ နှင့် အညီ ထိုးနှံပေးခဲ့ပြီး  ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး  Sputnik V ထိုးနှံပြီးစီးသူ ၁၉၉၇ ဦးရှိပြီဖြစ်ရာ ကျန်ရှိ သူများကိုလည်း ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။ 


သက်လွင်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment