Pages

Pages

သံတောင်ကြီးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားပြုလုပ်


MNP - ဖေဖော်ဝါရီ    ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်မည့် သံမိုးတောင်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာအား နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ်သိန်းတစ်ရာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။        

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ရွာသစ်ကုန်းကျေးရွာ ကော်မတီဝင်များကို နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် သိန်းတစ်ရာအား လွှဲပြောင်းပေးအပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဘဏ္ဍာရေးနှစ်ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ထပ်တိုး ဆောင်ရွက်မည့် သံမိုးတောင်ကျေးရွာအုပ်စုတွင် (၇၆)ခုရှိပြီး သံမိုးတောင်အုပ်စု ရွာသစ်ကုန်း ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ ကျေးရွာအမည်ဖြင့် စာရင်းရှင်ဖွင့်လှစ်ခြင်း၊ လုပ်ငန်းရွေးချယ်ခြင်း၊ လုပ်ငန်း စဉ်များအား ရှင်းလင်းခြင်း၊ ရွာလုံးကျွတ်အစည်းအဝေးများ ခေါ်ယူခြင်းစသည်တို့ကို ဆောင်ရွက်ပြီး ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း ထံမှ သိရသည်။

သတင်း - စောမင်းသား

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment