Pages

Pages

ဟင်္သာတတက္ကသိုလ် အသုံးချဘာသာရပ် (Applied Subject)များ တိုးချဲ့ သင်ကြားနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ



MNP - မတ်    ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင် အစည်းဝေးခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဟင်္သာတတက္ကသိုလ် အသုံးချဘာသာရပ် (Applied Subject)များ တိုးချဲ့ သင်ကြားနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ သိင်္ဂီရွှေက အဖွင့်အမှာစကားပြောကြားကာ ဟင်္သာတတက္ကသိုလ်တွင် အသုံးချဘာသာရပ် (Applied Subject)များ တိုးချဲ့သင်ကြားနိုင်ရန် ကိစ္စနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးတင်ပြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများက ဝိုင်းဝန်းအကြံပြု ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခများ ဘာသာရပ်များမှ ပါမောက္ခ ဌာနမှူးများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment