ကျောင်းတွင်းစစ် အတန်းပြီးမြောက်မှု စာမေးပွဲကို စစ်တွေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၂၇၃၈ ဦး ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းတွင်းစစ် အတန်းပြီးမြောက်မှု စာမေးပွဲကို စစ်တွေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၂၇၃၈ ဦး ဖြေဆို



MNP - မတ်   ၂၀

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် (နဝမတန်း)အထိ ကျောင်းတွင်းစစ်အတန်းပြီးမြောက်မှု စာမေးပွဲများကို မတ်လ ၁၇ ရက်နေ့မှ စတင်ကာဖြေဆိုလျက်ရှိရာ စစ်တွေမြို့နယ်၌ အလယ်တန်းပြီးမြောက်စာမေးပွဲ (Grade-9)တွင် ကျောင်းသား၊ ကျောင်းသူ ၂၇၃၈ ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့နယ်၌  အလယ်တန်းပြီးမြောက်စာမေးပွဲ (Grade-9) စာမေးပွဲကို အခြေခံပညာ အထက်တန်းကျောင်း (၃၀)တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းလေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများဝင်ရောက် ဖြေဆိုလျက်ရှိသည်။ စစ်တွေမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ခုနှစ် ပညာသင်နှစ်  အခြေခံပညာ မူလတန်းသင်ရိုးသစ် Grade-4နှင့် အလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းမှာ မတ်လ ၁၇ ရက်နေ့မှ ယနေ့အထိ ဖြေဆိုချိန် ၄၅ မိနစ်ဖြင့် စစ်ဆေးခဲ့ရာ ယနေ့ ကျောင်းသား၊ ကျောင်းသူများမှာ အေးချမ်းစွာဖြင့် ဖြေဆိုပြီးစီးကြပြီဖြစ်သည်။ အလားတူအလယ်တန်းပြီးမြောက်စာမေးပွဲ (Grade-9) စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ တစ်နေ့လျှင်တစ်ဘာသာနှုန်းဖြင့် ဖြေဆိုချိန် နှစ်နာရီသတ်မှတ်ထားပြီး အထက်တန်းအဆင့် Grade -10 စနစ်သစ်ကို တစ်နေ့လျှင် နှစ်ဘာသာ နှုန်းဖြင့် တစ်ပြေးညီစစ်ဆေးလျက် ရှိသည်။

စစ်တွေမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၃၈ ကျောင်းရှိပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းလေးကျောင်းရှိရာ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ကြောင်း သိရှိရသည်။

သတင်း - တင်ထွန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)