နိုင်ငံခြားရေးဝန်ကြီးဌာန၊ (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ



MNP ၊ မတ် ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန၊ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်  ယနေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးကိုကိုလှိုင်တို့ ကြီးမှူး၍ ဝန်ထမ်းများက ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသ ဦးဆောင်သော သံဃာတော်(၅)ပါးအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် ယခုနှစ်တွင် နိုင်ငံတော်မှချီးမြှင့်သည့် သဒ္ဓမ္မဇောတိကဓဇ သာသနာပြု ဘွဲ့တံဆိပ်တော် ရရှိတော်မူသော ရတနာမှန်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသ မထေရ်မြတ် အား ဂုဏ်ပြုပူဇော်သည့် ဂုဏပူဇာမင်္ဂလာ အခမ်းအနားကို ကျင်းပရာ ရတနာမှန်ကျောင်း ပင်မ အဆောက်အဦ အကြီးစားပြုပြင် မွမ်းမံရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၏ ထည့်ဝင်လှူဒါန်းငွေ  ငွေကျပ်သိန်း (၂၀၀) ကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပရာ ဦးစွာ ပြည်ထောင်စုဝန်ကြီးများက အမှာစကားများ ပြောကြားကြသည်။ ထို့နောက် စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပသည်။

ယင်းနောက် နိုင်ငံနှင့် ဝန်ကြီးဌာနအပေါ် တာဝန်သိသိ သစ္စာရှိရှိဖြင့် လုပ်သက် ကြာမြင့်စွာ တာဝန်ထမ်းဆောင် ခဲ့ကြသော အရာထမ်းတစ်ဦးနှင့် အမှုထမ်းတစ်ဦးတို့ကို ဂုဏ်ပြု ဆုများ ချီးမြှင့်ခြင်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်/ အောက်မြန်မာပြည်) တို့၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ၂၀၂၁ ခုနှစ်၊ သားကောင်းတမန်မဂ္ဂဇင်း၏ ဆောင်ပုဒ်အဖြစ် ရွေးချယ်ခြင်းခံရသည့် ကလောင်ရှင် ဝန်ထမ်း၊ စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစာကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခြင်း၊ ဝန်ထမ်းများအတွက်ကံစမ်းမဲ အထူးဆုကြီးများ မဲဖောက်ခြင်းတို့ကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ   စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)