MNP - မတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက်ကလေးသူငယ်များအား ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနတွင် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် နှစ်နှစ်အောက်ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင်များအား တစ်လလျှင် ငွေကျပ် တစ်သောင်းငါးထောင်နှုန်းဖြင့် သုံးလလျှင် တစ်ကြိမ် စုစုပေါင်း ငွေကျပ်လေးသောင်းငါးထောင်၊ ကိုယ်ဝန်ဆောင် စာရင်းပေးသွင်းချိန် သုံးလအကျုံးဝင်ပါက နှစ်လစာ ငွေကျပ်သုံးသောင်း၊ ကိုယ်ဝန်ဆောင် စာရင်းပေးသွင်းချိန် နှစ်လအကျုံးဝင်ပါက တစ်လစာ ငွေကျပ် တစ်သောင်းငါးထောင်ဖြင့် ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို မတ်လ ၄ ရက်၌ နောင်တရားမြို့ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက် နှင့် ပင်လောင်းကြီးကျေးရွာ အုပ်စုရှိ နှစ်နှစ်အောက်ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင်များအား တစ်ကြိမ်၊ မတ်လ ၇ ရက်တွင် မြောက်ထီဗွာကျေးရွာအုပ်စုရှိ နှစ်နှစ်အောက်ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင်များအား တစ်ကြိမ်၊ မတ်လ ၉ ရက်နေ့၌ စင်းတောင်းကျေးရွာအုပ်စုရှိ နှစ်နှစ်အောက်ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင်များအား တစ်ကြိမ်၊ မတ်လ ၁၁ရက်နေ့၌ တောင်ထီဗွာအုပ်စုရှိ နှစ်နှစ်အောက် ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင်များအား တစ်ကြိမ် ၊ မတ်လ ၁၄ ရက်နေ့၌ ဘန့်ဘာကျေးရွာအုပ်စုရှိ နှစ်နှစ်အောက်ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင် များအား တစ်ကြိမ်၊ မတ်လ ၁၆ ရက်နေ့၌ တီကျစ်ကျေးရွာအုပ်စု နှစ်နှစ်အောက် ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင်များအား တစ်ကြိမ်၊ ယနေ့နံနက်ပိုင်း၌ မင်းဘူးကျေးရွာအုပ်စုရှိ နှစ်နှစ်အောက်ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင် များအား တစ်ကြိမ် စုစုပေါင်း ခုနစ်ကြိမ် ထောက်ပံ့ပေးအပ်ပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ နှစ်နှစ်အောက်ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင်များအား သတ်မှတ်ထားသည့် နေ့ရက်များအလိုက် လူမှုဝန်ထမ်းဦးစီးဌာနတွင် ထောက်ပံ့ငွေများ ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ခွန်ရဲ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment