အုတ်တွင်းမြို့ သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း တူးဖော်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းမြို့ သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း တူးဖော်ပေး



MNP - မတ်    ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှစတင်၍ နေ့ပိုင်း ဈေးဆိုင်များ ဈေးရောင်းဈေးဝယ်ကို ထိခိုက်စေခြင်း မရှိရန် ည(၇)နာရီမှစတင်၍ ပဲခူးလမ်းရပ်ကွက် မြို့တွင်း ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များ ရှင်းလင်းပေးခြင်း၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို အလုပ်သမား (၁၂)ဦးဖြင့် နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ရေမြောင်းအတွင်းပိတ်ဆို့နေသော အမှိုက်များ သယ်ယူရှင်းလင်းခြင်းနှင့် တူးဖော်ခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့်စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)