Pages

Pages

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ပေးအပ်

 


MNP - မတ်    ၁၇

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် (၂) ကုန်သည်ရပ်ကွက်အတွင်းရှိ အသက် (၈၅ )နှစ်အထက် အဘိုး အဘွားများအား လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် တစ်လ(၁၀၀၀၀)ကျပ်နှုန်းဖြင့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ(၃)လစာအတွက် (၃၀၀၀၀) ကျပ်အား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့်အဖွဲ့ဝင်များမှ ကိုယ်တိုင် သွားရောက် ပေးအပ်ခဲ့ပါသည်။

ထို့အပြင်မြို့သစ်(က)(၆)လမ်းနေ အသက်အကြီးဆုံးဖြစ်သော အဘွားဒေါ်တင်ရွှေ(၁၀၄)နှစ်အား ဆရာ ဦးမောင်မောင် သန်းမှထပ်ဆင့် ပူဇော်ကန်တော့ခဲ့ပါသည်။ ဒိုက်ဦးမြို့နယ်အတွင်းတွင် အသက် ၈၅ နှစ်အထက် သက်ကြီး အဘိုးအဘွား ၈၅၇ ဦးရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment