Pages

Pages

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးများအား "လူငယ်နှင့်အချိန်၏ တန်ဖိုး"‌ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်



MNP - မတ်   ၃၀

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက  စာရေးဆရာ "မိုးပန်းမွန်" (ရာမည) ရေးသားထားသည့် "ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်" လူငယ်တို့အတွက် အတွေးစာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဝါဦးက စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာ‌ပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ အချိန်ကို တန်ဖိုးထားတတ်စေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ  တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ် ကြောင်းနှင့် "လူငယ်နှင့် အချိန်၏ တန်ဖိုး" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) နှင့် ကျောင်းသား၊ ကျောင်းသူများ  အပြန်အလှန်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နှင့် အဆိုပါ အသိပညာပေး စာဖတ်ဝိုင်းသို့ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ကလေးငယ်  (၄၀)ဦး တက်ရောက်ခဲ့သည်။

သတင်း - ဝါဝါ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment