Pages

Pages

ထားဝယ်တက္ကသိုလ်၌ပညာသင်ကာလစာမေးပွဲနှင့်မဟာအရည်အချင်းစစ်မေးပွဲအေးချမ်းစွာဖြေဆိုလျက်ရှိ








MNP - မတ်    ၃၀

 ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စတုတ္ထနှစ်ဥပဒေပညာ၊ ဒုတိယပညာသင်ကာလစာမေးပွဲ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပထမပညာသင်ကာလစာမေးပွဲတတိယနှစ်၊ ဂုဏ်ထူးတန်း မဟာအရည်အချင်းစစ်သင်တန်း ၊ မဟာပထမနှစ်သင်တန်းကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၌ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦး က ကျောင်းသား/ကျောင်းသူများဖြေဆိုနေစဉ်အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းတို့က လိုအပ်သည်များမှာကြားပြီးကျောင်းသား/ကျောင်းသူများ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါစာမေးပွဲအား နေ့စဉ်နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိ ဖြေဆိုရမည်ဖြစ်ကာ စာမေးပွဲနှင့်သင်တန်းကို ဧပြီ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိသည်။

မြန်မာနရှေင်နယ်ပို့စ်

No comments:

Post a Comment