Pages

Pages

ပိုင်ကျုံမြို့ ဘီးစခတ်ကျေးရွာအုပ်စုတွင် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးလျက်ရှိ


MNP - မတ်    ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေးပိုမိုအဆင်ပြေ လွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုး တိုးတက်စေ‌ရေး၊ လူနေမှုဘဝတိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ဘီးစခတ်ကျေးရွာအုပ်စု ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် ဆက်သွယ်ထားသည့် လမ်းပေါ်တွင် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တံတားအား ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခန့်မှန်း တန်ဖိုးငွေကျပ်(၄၄၀)သန်းဖြင့် ကျခံတည်ဆောက်ပေးလျက်ရှိကြောင်း၊ အရှည် (18.3m)၊ အကျယ် (9.582m) ရှိ တံတားအား၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်‌ဖော် တည်ဆောက်ပေးလျက်ရှိပြီး သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် ပြီးစီးနိုင်ရေးအတွက် တံတားအထူးအဖွဲ့ အမှတ်(၁၄)မှ တာဝန်ရှိသူတို့က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းတံတားတည်‌ဆောက်ခြင်းလုပ်ငန်း ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသနေပြည်သူများအနေဖြင့် သွားရေးလာရေးတွင် ယခင်ကထက် ပိုမိုအဆင်‌ပြေလာမည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စအရပ်ရပ်များ ဆောင်ရွက်ရာတွင် ဥတုသုံးပါးစလုံး အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်း - စောဂျိုးဇက်ဂျူး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment