Pages

Pages

သီပေါမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အသင်းတည်ထောင်ခြင်း နှစ်(၃၀)ပြည့် အခမ်းအနားပြုလုပ်ဆောင်ရွက်




MNP - မတ်    ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ အသင်းတည်ထောင်ခြင်းနှစ်(၃၀)ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့်  အသင်းသားများအား ကံစမ်းမဲများဖောက်ပေးခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ အသင်းရုံးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးတင်မောင်မောင်က အသင်းစတင် တည်ထောင်ဖွင့်လှစ်ခြင်းများနှင့် ပတ်သက်၍လည်းကောင်း၊ အသင်းသားများ သက်သာချောင်ချိရေး အတွက်  ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် နှစ်(၃၀)ပြည့် အထိမ်းအမှတ်အဖြစ် အသင်းသားများအတွက် ငွေသားကံစမ်းမဲကျပ်(၂)သိန်း(၁၀)ဆု၊ ကျပ်(၅)သောင်း(၈)ဆုတို့ကို ပျော်ရွှင်စွာကံစမ်းမဲ ဖောက်ပေးခဲ့ကြောင်းနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်း၊ သီလရှင်စာသင်တိုက်(၂)တိုက သို့ငွေကျပ်(၁၀)သိန်း တန်ဖိုးရှိသော ဆန်၊ ဆီ၊ ဆား စသည့် လှူဖွယ်ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်တွင် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိဘဏ်ဝန်ထမ်းများပါဝင်ပြီး အသင်းသားဦးရေ စုစုပေါင်း(၂၀၇၂)ဦးရှိကြောင်း၊ အသင်းသားများ ၏  စုဆောင်းငွေများ အပေါ်အတိုးများအားတစ်နှစ်လျှင် (၂)ကြိမ် ခွဲဝေဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် လစဉ်ငွေသား ကျပ်(၅)သောင်း ဆုမဲ(၈)ဆုကို ကံစမ်းမဲဖောက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်လေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment