MNP ၊ မတ် ၂၁
သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲရှိဝန်ထမ်းများက နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ mask များစနစ်တကျတပ်ဆင်ခြင်း၊လက်ဆေးဘေဇင်များတွင် စနစ်တကျလက်ဆေးခြင်း၊ သတ်မှတ်နေရာတွင် စနစ်တကျထိုင်ခြင်း၊ အပူချိန်တိုင်းတာပေးခြင်း များကိုဆောင်ရွက် ပေးလျှက်ရှိသည်။
ဘီးလင်းမြို့နယ်တွင်အငြိမ်းစား ဝန်ထမ်း ပင်စင်ထုတ်ယူသူ (၁၉၈၄) ဦးရှိပြီး အဆိုပါအငြိမ်းစားဝန်ထမ်း ပင်စင်စားများကို မတ် ၂၁ ရက်နေ့မှ ၃၁ ရက် အထိထုတ်ပေးသွားမည် ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများကို ဧပြီလ အတွင်း ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထူးနောင် (ဘီးလင်း )
https://t.me/MyanmarNationalPost
No comments:
Post a Comment