Pages

Pages

ကျုံပျော်မြို့တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲကျင်းပ


MNP - မတ်    ၂၈

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သင်တောကြီးကျေးရွာအုပ်စု၊ ကညင်ပင်စုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဦးစီးမှူး ဦးလိန်းကွီးက လမ်းခင်းဆောင်ရွက်‌ပေးခဲ့မှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇော်ဦးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလိန်းကွီးတို့က လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အဆိုပါ ကွန်ကရစ်ဘီးလမ်း အရှည် (၁၂၀၀)ပေ၊ အကျယ်(၂)ပေ၊ ထု(၆)လက်မ၊ (၂)လမ်းသွားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် နိုင်ငံတော်ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေ သိန်း(၂၀)၊ စုစုပေါင်း ကျပ်သိန်း (၁၂၀)ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စတင်ဆောင်ရွက်ကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း၊ အဆိုပါကျေးရွာရှိ အိမ်ခြေ (၈၆)အိမ်ရှိ လူဦးရေ (၄၀၀)ကျော်တို့အတွက် သွားလာမှုအဆင်ပြေချောမွေ့ခဲ့ကြောင်း သိရသည်။

သတင်း - လပြည့်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment