Pages

Pages

မြဝတီမြို့ ရင်ခွင်ဦးမူလတန်းကြိုကျောင်း၏ မူကြိုကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲ ကျင်းပ



MNP - မတ်   ၂၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရောက်ရေးအသင်းပိုင် ရင်ခွင်ဦး မူလတန်းကြိုကျောင်းတွင် မူကြိုကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးသီဟနိုင်က မူကြိုကလေးငယ်များ၏ အခန်းကဏ္ဍနှင့် မူကြိုကျောင်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ရင်ခွင်ဦးမူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များမှ ကဗျာရွတ်ဆိုဖျော်ဖြေပေးပြီး မြဝတီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဖြူဖြူထွန်း၊ ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များမှ ရင်ခွင်ဦးမူလတန်းကြိုကျောင်းမှသား ငယ်၊သမီးငယ်များအား မူကြို ကျောင်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ထိန်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment