Pages

Pages

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးများပေးအပ်


MNP - မတ်    ၂

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသော  စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဖြစ်သည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၂)ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း(၈)ကျောင်း တို့အား ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာနှစ်အတွင်း ထောက်ပံ့ကြေးများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်း ရုံးတွင်  ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင်  ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် တာဝန်ရှိများက  မောင်တောခရိုင်အတွင်းရှိ (၃)မိုင် စေတီလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းသို့ လစဉ် ဆန်၊ စားစရိတ်၊ အဝတ်အထည် စရိတ်ထောက်ပံ့ငွေ ၁၂၅၆၈၅၀၀ ကျပ်၊ ဘူးသီးတောင်မြို့ရှိ ဝေနေယျသုခ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေယာသို့ ဆန် ဖို့ ထောက်ပံ့ငွေ ၁၅၉၃၀၀၀ ကျပ်၊ မောင်တောမြို့ရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း(၂)ကျောင်းနှင့် ဘူးသီး တောင်မြို့ရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း(၆)ကျောင်းအတွက် တစ်ကျောင်းလျှင် ၃၇၀၀၀၀ ကျပ်ဖြင့် ထောက် ပံ့ငွေ ၂၉၆၀၀၀၀ စုစုပေါင်း  ၁၇၁၂၁၅၀၀ ကျပ်တိတိအား တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

သတင်း - သက်လွင်စိုး 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment