Pages

Pages

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲကျင်းပမည်





MNP ၊  မတ်  ၂၈

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲကို မတ်လ ၂၉ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အစည်းအဝေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီအလိုက် ဖွဲ့စည်းထားရှိမှုနှင့် ခရိုင်သုံးခရိုင် ပြိုင်ပွဲဝင်အသင်း(၄)သင်းယှဉ်ပြိုင်မည့် အခြေအနေများနှင့် ပြိုင်ပွဲဝင်အသင်း များကို ထောက်ပံ့ပေးမည့် အခြေအနေများ၊ အားကစားသမားကောင်း ရွေးချယ်ရေး၊ တိုင်း လက်ရွေးစင် ရွေးချယ်ရေးကိစ္စများနှင့် ဆုချီးမြှင့်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ရွှေက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြပြီး ပြိုင်ပွဲဝင် အသင်းများ ယှဉ်ပြိုင်ရမည့်ပွဲစဉ်များကို မဲနှိုက်ရွေးချယ်ပေးသည်။ 

အဆိုပါ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲကို ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့မှ ဘောလုံးအသင်းလေးသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဧပြီ ၅ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်ထံက သိရသည်။ 


ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment