Pages

Pages

ငပုတောမြို့နယ်၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စီစဉ်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ေဆး



MNP - မတ်   ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သွားရောက် ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။

ငပုတောမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စာစစ်ဌာန(၁၄)ခု ဆောင်ရွက်ထားပြီး ကျောင်းတွင်းစာဖြေသူ (၁၈၀၈)ဦးနှင့်  ပြင်ပစာဖြေသူ(၅၆၇)ဦး စုစုပေါင်း  စာဖြေသူဦးရေ (၂၃၇၅) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

အဆိုပါ စာစစ်ဌာနများသို့ သွား‌ရောက်စစ်ဆေးရာတွင် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ကမ်းနီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့  သွားရောက်ပြီး ကျောင်း၏ သန့်ရှင်းရေး ဆောင်ရွက်ထားမှု အခြေအနေများ၊ စာဖြေခုံများ စီစဉ်ဆောင်ရွက်ထားမှုများ၊ ရေ၊ မီးစသည့်ဖြင့် စီစဉ်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးအား လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။       

သတင်း - နုနုအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment