Pages

Pages

သိန္နီမြို့တွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူထောင်ရေးလုပ်ငန်းစဉ်များ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်



MNP - မတ်   ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းစဉ်များ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းအား ဆက်လက်ပို့ချရာ သိန္နီမြို့နယ်မှ အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်၊ မူလတန်းကျောင်းအုပ် ဆရာဆရာမများနှင့် ATEO များ စုစုပေါင်း သင်တန်းသားဦးရေ (၇၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြအဖြစ် သိန္နီမြို့နယ် မိုင်းလီကျေးရွာ ကျန်းမာရေးမှူး ဦးရဲဇော်ထက်က သင်ကြားပို့ချခဲ့ကြောင်း သိရသည်။  သင်တန်းအပြီးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်မိုးအောင်က နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ပြီး သင်တန်းကာလသည် နေ့လည်(၁၂:၀၀)နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်

သတင်း - စုမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment