MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် သဘာဝဘေး ကာကွယ်တားဆီးရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့်သတင်းနှင့် အသိပညာပေးဆပ်ကော်မတီမှ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းငယ်သတိပေးချက်အားပြည်သူများ သိရှိစေရေးနှင့် ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများအား ယမန်နေ့ ညနေပိုင်းနှင့်ညပိုင်းများတွင် မြို့ပေါ်ရပ်ကွက်များ၊ ရဟိုင်ကူးတို့ကျေးရွာနှင့် ကမ်းခြေဦးတို့သို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ရာတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်အခြေအနေ၊ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ၊ မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း၊ နောက်နာရီ(၃၀)အတွင်းခန့်မှန်းချက်၊ သတိပေးနှိုးဆော်ချက်များ၊အကြံပြုချက်များကို အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment