MNP - မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် (နှစ်ဆုံး)စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတင်ကျင်းပလျက် ရှိရာ ကျောင်းသူကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ များကို မူလတန်းအဆင့် သင်ရိုးသစ် Grade - 4 နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) နှင့် အခြေခံပညာ အလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ တစ်နေ့လျှင် ၂ ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်စာစစ်ဆေး၍ အလယ်တန်းပြီးမြောက်မှု စာမေးပွဲ (Grade- 9)နှင့် အထက်တန်းအဆင့် စာမေးပွဲများကို မတ်လ၁၇ရက်မှ ၂၃ရက်နေ့အထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၂)နာရီကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment