MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ဌာနဆိုင်ရာရုံးများ၌ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ရမ်းဗြဲမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ရမ်းဗြဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီးစစ်ဆေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ရမ်းဗြဲမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးဉာဏ်လင်းဦး နှင့်မီးသတ်တပ်ဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရုံးဝင်းအတွင်းမီးလောင်လွယ်သည့် အမှိုက်များစုပုံရှိမနေစေရေး၊ မီးချိတ် မီးကတ်များ သဲပုံး ရေးပုံးများဆောင်ထားမှု ရှိ /မရှိစစ်ဆေးခြင်း၊ မီးသတ်ဆေးဗူးများစနစ်တကျ ချိတ်ဆွဲထားမှုရှိ/မရှိစစ်ဆေးခြင်း၊ မီးလောင်မှုဖြစ်ပွားပါက အလွယ်တကူ မီးငြိမ်းသတ်ရန်အတွက် မီးသတ်ရေကန်များအတွင်းရေသိုလှောင်ထားရှိမှုများနှင့်ရုံးဌာနများအတွင်း လျှပ်စစ်မီတာနှင့်လျှပ်စစ်ဝါယာကြိုးများတပ်ဆင်အသုံးပြုမှုများနှင့်အတူ ရုံးသုံးကွန်ပျူတာခန်းများအတွင်းလျှပ်စစ်တပ်ဆင်အသုံးပြုမှုများကိုစစ်ဆေးပေးခြင်းတို့ကိုစစ်ဆေးဆောင်ရွက်ပေးပြီးနောက် မီးဘေးအန္တရာယ်မကျရောက်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment