မိုင်းဆတ်မြို့၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဆတ်မြို့၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 


MNP - မတ်   ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် မယ်နင် ကျေးရွာအုပ်စု ကျောက်လမ်းခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ မီနီဘက်ဂျက် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ်(၈၂ ဒဿမ ၇၉၈)သန်းဖြင့် မယ်နင် ကျေးရွာအုပ်စု၊ မယ်နင်-ဆိတ်ခြံ ကျောက်လမ်း(၉/ဝ)မိုင်အတွင်း ယိုယွင်းပျက်စီးခြင်းကြောင့် (၁/၄)မိုင် အနက်(၁/ဝ)မိုင် ကျောက်လမ်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာ၊ အိမ်ထောင်စု(၃၈၀)စုနှင့် လူဦးရေ(၁၉၉၂)ဦးတို့အတွက် များစွာအထောက် အကူပြုသည့် လမ်းပိုင်းဖြစ်ပြီး ဒေသတွင်းရှိ ထွက်ကုန်များ မိုင်းဆတ်မြို့သို့ လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်မည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် ဖွံ့ဖြိုးတိုးတက်ကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မြင့်မောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)