Pages

Pages

ဘီးလင်းမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး ပြင်ဆင်ထားမှု အကောင်းဆုံးဆောင်ရွက်နိုင်သည့် ကျောင်းများအား ကျောင်းကျန်းမာရေးထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ









MNP ၊ မတ် ၁၈

မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနက်မှ ကိုဗစ် - ၁၉ ရောဂါကာကွယ်တားဆီရေးပြင်ဆင်ထားမှုအကောင်းဆုံးဆောင်ရွက်နိုင်သည့်ကျောင်းများအား ကျောင်းကျန်းမာရေးထူးချွန်ဆု ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးမင်းက ကျောင်းကျန်းမာရေးထူးချွန်ဆု ရွေးချယ်ခြင်းနှင် စပ်လျဉ်း၍ လည်းကောင်း ဘီးလင်းမြို့နယ်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးခင်စိုးက ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြို့နယ် မိခင်ကလေး/ကျောင်းကျန်းမာ/အဟာရ တာဝန်ခံဆရာဝန် ဒေါက်တာအိအိကျော်က ဆန်းစစ်ခြင်းပုံစံအသုံးပြု၍ ရွေးချယ်ခြင်းများနှင့်ပတ် သက်၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြ သည်။

   

ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခြေခံပညာ အထက်တန်းအဆင့်တွင် ကျောင်းကျန်းမာရေးထူးချွန်ဆု ရရှိသော အထက (ကန်သာယာကျောင်း)၊ အလယ်တန်းအဆင့်တွင်  ထူးချွန်ဆု ရရှိသော အထက (ခွဲ) (မုသင်ကျောင်း)၊မူလတန်းအဆင့်တွင် ထူးချွန်ဆုရရှိသော အမက  (အင်းဖျားကျောင်း) တို့မှ ကျောင်းအုပ်ကြီးများထံသို့ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးတို့က ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

   

ထို့နောက် ဆုရရှိကြသော ကျောင်းအုပ်ကြီးများက မိမိတို့ကျောင်းအလိုက် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ စီစဉ်

ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment