MNP - မတ် ၂၀
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီ ဖြစ်သဖြင့် ရုံးဌာနများနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးသတိရှိစေရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်မှု လက်တွေ့သရုပ်ပြခြင်းကို ယနေ့ နံနက် (၉)နာရီက ပဲခူးမြို့ သားဖွားသင်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ် ဦးစီးမှူး ဦးမိုးဝင်းထွန်းက အသိပညာပေးဟောပြောရာတွင် မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးသတ်ဆေး အကြောင်း၊ မီးလောင်မှုဖြစ်ပွားလျှင် မီးသတ်ဦးစီးဌာနမှ ရောက်မလာခင် ရုံး၊ ဌာနများနှင့် နေအိမ်များသို့ ကူးစက်မှုမဖြစ်ပွားစေရေး အသိပညာပေးခြင်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်နည်းများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မီးငြိမ်းသတ်နည်း ဇာတ်တိုက် လေ့ကျင့်မှု သရုပ်ပြခြင်းကို ဆောင်ရွက်ရာ ပဲခူးမြို့ သားဖွားသင်တန်းကျောင်းမှ ဝန်ထမ်းများက ပူးပေါင်း ပါဝင်သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်





No comments:
Post a Comment