Pages

Pages

ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဌာနဆိုင်ရာ အမျိုးသမီးငယ်များအား အခမ်းအနားမှူး သင်တန်းဖွင့်လှစ် သင်ကြားပေး



MNP -  မတ်    ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ဖြူး မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခမ်းအနားမှူး သင်တန်းတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ် ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက သင်တန်းပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဖြူးမြိုနယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒေဝီမေက အခမ်းအနားမှူး တစ်ယောက်အနေဖြင့် အမျိုးသမီးငယ်ဝန်ထမ်းများ တတ်ထားသင့်ကြောင်းကို  ပြောကြားသည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သင်တန်းနည်းပြ ဒေါ်နန်းကေသီက သင်တန်းသူများအား သင်တန်းပို့ချရာတွင် အခမ်းအနားတစ်ခု အောင်မြင်ချောမွေ့စွာ ပြီးမြောက်နိုင်ရေးအတွက် အဓိက အချက်များ၊  ဝတ်စားဆင်ယဉ်မှုနှင့် နေရာရွေးချယ်မှုများ၊ အခမ်းအနား အမျိုးအစားအလိုက်နှင့် အစည်းအဝေးများတွင် အခမ်းအနားမှူး တစ်ဦးအနေဖြင့် အသုံးအနှုန်း ဝေါဟာရများအကြောင်းတို့ကို စာတွေ့လက်တွေ့ ပို့ချသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အမျိုးသမီးရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအချို့မှ ဝန်ထမ်း အမျိုးသမီးငယ်များ စုစုပေါင်း (၁၅) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ(၂၉)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့ထိ (၂)ရက်တိုင် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နေမျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment