Pages

Pages

သထုံမြို့‌ပေါ်ရှိ ‌သောက်သုံးရေအခက်အခဲရှိရာရပ်ကွက်များသို့ အဖြူရောင်နှလုံးသားလူမှုကူညီရေးအသင်းမှ ရေလှူဒါန်း







MNP ၊  မတ် ၂၈

မွန်ပြည်နယ်၊ သထုံမြို့‌ပေါ်ရှိ ရေအခက်အခဲဖြစ်ရာ နေရာများသို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့(သထုံခရိုင်)၊ အဖြူရောင်နှလုံးသားလူမှုကူညီရေးအသင်းမှ ယနေ့နံနက်က သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းတွင် သထုံမြို့‌၊ လိပ်အင်းရပ်ကွက်ရှိ ပိတောက်မြိုင်၊ နတ်ကျွန်းနှင့် သိမ်ကုန်းရပ်ကွက်၊ ကံ့ကော်ညီနောင်အတွင်ပိုင်း၊ အောက်ကျင်းရပ်ကွက်၊ အောင်မြေရွှေဘုံ၊ ဘင်လှိုင်ရပ်ကွက်တို့သို့ သွားရောက်လှူဒါန်းခဲ့ပြီး မွန်းလွဲပိုင်းအထိ လိုအပ်သည့်နေရာများကို လိုက်လံ လှူဒါန်းမည်ဖြစ်သည်။

"အသင်းအနေနဲ့ကတော့ နှစ်စဉ် လှူတယ်၊ ဒီနှစ်အတွက်ကတော့ စက်သုံးဆီ အတော်လေးအခက်အခဲဖြစ်တယ်၊ အခုလို ရေ လှူနိုင်တာလည်း အသင်းကိုစက်သုံးဆီ လှူပေးနေတဲ့ အလှူရှင်တွေရှိလို့သာပါ၊ အသင်းအနေနဲ့ မိဘပြည်သူတွေ လိုအပ်တဲ့ကွပ်လပ်လေးကို ဖြည့်ဆီးပေးနိုင်တာကိုဘဲ ပီတိဖြစ်ရပါတယ်" ဟု အဖြူရောင်နှလုံးသားလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုဥက္ကာထွန်းက ပြောသည်။

အဖြူရောင်နှလုံးသားလူမှုကူညီရေးအသင်းအနေဖြင့် ယခုလ ဒုတိယပတ်မှစတင်ကာ သထုံမြို့ရှိ ပိတောက်မြိုင်၊ မွန်စု၊ လိပ်အင်းကွက်သစ်၊ ကျောက်လုံးကြီး၊ သမီးတော်ကုန်း၊ ကန်ညီနောင်၊ ဘူတာ၊ နန်းခဲကွက်သစ်အစရှိသည့် ‌သောက်သုံးရေအခက်အခဲဖြစ်ရာနေရာများရှိ ပြည်သူများထံအရောက် ရေဖြန့်ဝေလှူဒါန်းပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများတို့သို့ သောက်သုံးရေ ဖြည့်ပေးခြင်းတို့ကို နေ့စဉ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

သထုံမြို့ပေါ်တွင် ယခုလဆန်းပိုင်းမှစတင်ကာ ရေတွင်းရေကန်များ ခန်းခြောက်ပြီး ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရာ မြို့ပေါ် ပရဟိတအသင်းအဖွဲ့များဖြစ်သည့် အဖြူရောင်နှလုံးသားလူမှုကူညီရေးအသင်း၊ အနှိုင်းမဲ့မေတ္တာအသင်း၊ အကြင်နာတွဲလက်အသင်း၊ သက်တံ့ရောင်စဉ်အသင်း၊ ရှင်သန်ခြင်းတွဲလက်အသင်း စသည့် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ အစရှိသည့် ဌာနဆိုင်ရာများကလည်း စဉ်ဆက်မပြတ် လိုက်လံလှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost


No comments:

Post a Comment