MNP - မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု ရှုခင်းသာ(၂) ကျေးရွာ၌ မတ်လ ၄ ရက် နံနက် ၁၀ နာရီခွဲက မီးကြွင်းမီးကျန်မှတဆင့် နေအိမ်(၅)လုံး မီးလောင်ကျွမ်းခဲ့သဖြင့် မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သော အိမ်ထောင်စု(၅)စုအား တာဝန်ရှိသူများနှင့် စေတနာရှင်၊ အလှူရှင်များက ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက ဆန်၊ စပါးနှင့် မီးဖိုချောင် သုံးပစ္စည်းများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းကို မိုင်းခုတ်မြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းရွက်နှင့် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုရှဲန်တို့က ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အိမ်ထောင်စု(၅)စုအတွက် ဆန်(၈)ပြည်ပါ (၂၄)ပုံး၊ စပါး(၅၀)ပုံး၊ ဆား(၁၂)ထုတ်ပါ (၅)ဆွဲနှင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ယဉ်ယဉ်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment