Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိ




MNP ၊  မတ် ၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မုန်တိုင်းကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေး အတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ နှင့် တပ်ဖွဲ့ဝင်များအားအသင့်ဆောင်ရွက်ထား ရှိကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင်  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်   ၊ မြို့နယ်မီးသတ် ဦး စီး မှူး ဦးထွန်းရွှေခိုင် တို့ဦးဆောင်၍  ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် အနေဖြင့်  မြို့နယ်အတွင်း ဖြစ်ပေါ်တတ်သည့် ဘေး အန္တရာယ်များ နှင့် မြို့နယ်အတွင်း ဖြစ်ပေါ် လာနိုင်သည့် မိုး လေဝသ အခြေအနေများကို ပြည်သူများထံသို့ အချိန်မှီ အသိ ပေးပြန်ကြားပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေး နှင့် အခြားသော ဘေး အန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းများ၊ လေထိုးဘုတ်များ နှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ဆောင်ရွက် ထား ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment