MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများ အတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစီအမံဖြင့် ကြက်ဥ နှင့် လက်ဖက်ရည်ထုတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အ.ထ.က(၁) အစည်း အ ဝေး ခန်းမတွင် ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး က မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများ အတွက် အာဟာရဖြစ်စေမည့် ကြက်ဥနှင့် လက်ဖက်ရည်ထုတ်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ အတွက် ကြက်ဥ နှင့် လက်ဖက်ရည်ထုတ် များထောက်ပံ့ပေးအပ်ရာ ဆရာ/ဆရာမ များက လက်ခံရယူခဲ့ကြသည်။
မြို့နယ်အတွင်း တက္ကသိုလ် ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား/သူ ၆၄၉ ဦး နှင့် အလွတ်ဖြေ ကျောင်း သား/ သူ ၇၈၁ ဦး စုစုပေါင်း ၁၄၃၀ ဦး အတွက် ကြက်ဥ(၄၂၉၀)လုံး ၊ လက်ဖက်ရည်အထုတ်သေး (၄၂၉၀)ထုတ်ဖြစ်ပြီးကျောင်းသား တစ်ဦး လျှင် ကြက်ဥ (၃) လုံး ၊ လက်ဖက်ရည် အထုပ်သေး(၃) ထုတ် ထောက်ပံ့ ပေးမည်ဖြစ်ရာ မတ်လ ၂၄ ရက်နေ့ တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူသည့် နေ့တွင် ကျောင်းသား/သူများ လက်ဝယ်သို့ ထောက် ပံ့ပေး အပ်မည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment