MNP ၊ မတ် ၂၁
နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီ က ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ က လူငယ်များ ဘက်စုံ ဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် “ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုး အကျိုးအတွက်သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင်ရှိသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့်သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း၊ ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြိုင်ပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ကြောင်း၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရန်လိုကြောင်း၊ လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်ရန်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စံပယ်သွင်က လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍအထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများဖြစ်လာမည်ဖြစ်ကြောင်း၊ နွေရာသီအားလပ်ရက်ရှည်ကာလတွင် အားကစား သင်တန်း/ပြိုင်ပွဲများ၌ တက်ရောက်ပါဝင်ကာ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်းနှင့် အားကစားကဏ္ဍနှင့်သက်ဆိုင်သည့် အခြေခံအချက်(၄)ချက်တို့ကို ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ ထားဝယ် ခရိုင်တာဝန်ခံပညာရေးမှူးဆရာမကြီး ဒေါ်စန်းမွှေးက“စိတ်ဓာတ်ကောင်းပြီး စည်းကမ်းရှိမှ တိုးတက်မည်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန်အောင်ကြိုးစားကြရန်၊ လူတော်ဖြစ်ရုံသာမကစိတ်ကောင်း၊ နှလုံးကောင်းပြည့်ဝသော လူကောင်းများဖြစ်အောင်လည်း ကြိုးစားကြရန်၊ “စိတ်ကောင်းရှိဖို့” ပထမဆိုသည့် အတိုင်း စိတ်ကောင်းရှိအောင်၊ စာရိတ္တကောင်းမွန်အောင် ဆရာ/ဆရာမများက လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြပြီးဖြစ်ပါကြောင်း၊ လူတော်လူကောင်း များများပေါ်ထွန်းပြီး မိမိနိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တိုးတက်အောင်ဆောင်ရွက် နိုင်ကြပါစေကြောင်း”စသည်ဖြင့် ဟောပြောခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ရွှေက အခြေခံပညာ အထက်တန်းကျောင်း (၇)ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ခရိုင်တာဝန်ခံပညာရေးမှူး ဆရာမကြီး ဒေါ်စန်းမွှေးက လက်ခံရယူခဲ့ကြောင်းသတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment